° ဒီလရဲ့ ပထမဆုံး Horror ဂိမ်းသစ်လေးကတော့ နာမည်ကြီး Backroom ကို Inspired
ယူထားတဲ့ ဂိမ်းလေးဖြစ်ပြီး Multiplayer အနေနဲ့ သူငယ်ချင်းတွေနဲ့ပါ
ဆော့ကစားလို့ရပါတယ်။ ဒီ Backrooms ဆိုတဲ့ အဖြစ်ပျက်က အင်တာနက်တွေ မပေါ်ခင်တုန်းက
ရုံးခန်းတွေမှာ ကောလဟာလ ဖြစ်ပွားခဲ့တဲ့ Creepy Story တစ်ခုဖြစ်ပြီး တခြား
Dimension တစ်ခုကို ရောက်သွားသလိုမျိုး Paper အနံ့သက်တွေနဲ့ ညှင်းစို့စို့ နံရံ
Wallpaper တွေကြောင့် ဝင်္ကဘာလို ထပ်နေတဲ့ ဒီအခန်းကြီးဟာ ရောက်သွားတဲ့သူအတွက်တော့
တကယ် ခြောက်ခြားစရာကောင်းနေတာပါ။ ဘယ်ကိုရောက်နေတယ်ဆိုတာထက် ဘယ်လိုထွက်ရမယ်ဆိုတာက
ပိုအရေးကြီးတာကြောင့် နောက်ကွယ်က ဘယ်လိုအရာတွေက Jumpscare တွေနဲ့
ဝုန်းဒိုင်းထွက်လာမလဲဆိုတာ အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
Game က Single ကော Multiplayer ပါ ကစားလို့ရပါတယ်။ Online အနေနဲ့ Room ထောင်ပြီး
သူငယ်ချင်း 4 ယောက်ထိ Voice Chat ဖွင့်ပြီး အတူတူကစားလို့ရတာကြောင့် တကယ်ပျော်စရာကောင်းမယ့်
ဂိမ်းလေးတစ်ခုပါ။ Room 4 ခုထိ ပါဝင်ပြီး အကုန်လုံးဟာ Maze ပုံစံ
ဆက်ပေးထားတာကြောင့် လမ်းပျောက်ရင်း ပစ္စည်းတွေကို ရှာဖွေပေးရမှာပါ။
အဲလိုရှာတဲ့နေရာမှာ အနောက်ကနေ ပုံမှန်မဟုတ်တဲ့ အကောင်ကြီးတွေက
နားစွင့်နေမှာဖြစ်တာကြောင့် လမ်းပျောက်ရင်း အခန်းထောင့်တွေမှာ
ထိပ်တိုက်မတိုးမိဖို့ရာလည်း အရေးကြီးပါတယ်။
အဓိကက Escape လုပ်ရမှာဖြစ်တာကြောင့် ထွက်ပေါက်ရှာရမှာဖြစ်ပြီး သူငယ်ချင်းတွေနဲ့
အတူတူ ကစားခဲ့ရင်တောင် အကုန် လွတ်မြောက်နိုင်ပါ့မလားဆိုတာ
စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာလို့ဆို နေရာတွေကလည်း ဘယ်သွားသွားတူနေသလို
ထွက်ပေါက်ကလည်း Random ဖြစ်နေလို့ပါ။ ဒီကြားထဲ အကောင်တွေကလည်း ဘယ်နေရာ ရောက်ရောက်
တစ်ကောင်တည်းရှိတယ်ဆိုတာ ပြောဖို့ခက်နေတာမလို့ အတူတူသွားရင် လမ်းမပျောက်ပေမယ့်
အချင်းချင်းပူးနေတာက တစ်ခါတည်း ပွဲသိမ်းသွားနိုင်ပါတယ်။ Graphic ကောင်းတဲ့အပြင်
Silent ဖြစ်နေတဲ့ အခန်းကြီးထဲက ခံစားချက်ကိုက တကယ်
စိတ်ခြောက်ခြားစရာကောင်းတာကြောင့် နားကြပ်နဲ့ တပ်ဆော့ကြည့်ဖို့ရာ
အကြံပေးပါတယ်။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
အမှန်တိုင်းပြောရရင် ဒီဂိမ်းစဆော့တုန်းက Backroom အကြောင်းကို Admin လုံးဝ
မသိပါဘူး။ အဲတော့ ဆော့သာ ဆော့နေရတာ ဒီလိုဘဲ Maze ထဲမှာ ပစ္စည်းရှာ ပြီးရင်
ထွက်ပြေးရမယ်လို့ဘဲ ထင်ခဲ့မိတာ။ အကောင်တစ်ခုခုတော့ ပါမယ်ဆိုတာ စိတ်ထဲကသိပေမယ့်
ထင်တော့မထင်ထားမိခဲ့ဘူးပေါ့။ ကြည့်တော့သာ ဘာမှမရှိတဲ့ အခန်းကြီးက
ပျင်းစရာကောင်းတယ်လို့သာ ထင်ရတာ တကယ်တန်းကျ တစ်ယောက်တည်း အဲလို ရောက်နေတဲ့
ခံစားချက်က အတော် ခြောက်ခြားစရာကောင်းတယ်။
အခန်းကွေ့တွေက အရမ်းများတော့ ဘယ်ချိန် ထိပ်တိုက်တိုးမလဲဆိုတာ
ရင်ခုန်စရာကောင်းတယ်။ Admin ဆို ပထမနှစ်ခန်းနဲ့တင် ကစားရတာ သွားရင်းသွားရင်းကို
ကျောမလုံဘူး။ အခန်းတွေကလည်း တူ ၊ လမ်းတွေကလည်း ပျောက် ၊ ပြေးဖို့ရာလည်း
အကုန်အသင့်လုပ်ထားရတာ။ အခန်း 3 ခုမြောက်ကျမှ အမှောင်ထဲက အသံလည်း ကြားရော
ဘယ်ပြေးလို့ပြေးရမှန်းမသိအောင်ထိ ပြာယာတွေခက်ကုန်တာ။ အကောင်ထက် အသံနဲ့ ဒီ Silent
ဖြစ်နေတဲ့ Environment ကြီးရဲ့ Vibe ကိုက ပိုပြီး Creepy ဖြစ်စေတာမျိုးပါ။
နောက် ဒီ Backrooms နဲ့ပတ်သတ်တာ သေချာရှာကြည့်တော့မှ ပိုပြီးစိတ်ဝင်စားမိသွားလို့
တင်ပေးလိုက်တာ။ ဒီအဖြစ်ပျက်က ချဲ့ကားရင်း အခုလို အဆင့်ကို ရောက်သွားတာမျိုးပါ။
SCP Foundation နဲ့လည်း collaborative လုပ်ထားတာဆိုတော့ ပိုသေချာသွားတာပေါ့။
Admin အနေနဲ့ ဒီ Backrooms အဖြစ်ပျက်ကို ခံစားကြည့်ရရင် ခြောက်ခြားတာထက် ပိုပြီး
မနှစ်မျို့သလို ခံစားရတယ်။ ဒီနံရံ အပြင်ဆင်တွေကော ၊ ပြောင်ရှင်းနေတဲ့
အခန်းတွေကြောင့်ပါ စိတ်ထဲကို အကျဉ်းချထားသလိုကြီး ခံစားရတယ်။ အဲလိုကိုမှ Loop
လိုမျိုးကြီး အခန်းတူတွေ အများကြီးဆက်နေတော့ သေချာတယ် သွားရင်းသွားရင်းနဲ့ကို
မူးပြီး အန်ချင်လာမှာ။ ဒါပေမယ့် ခုနကလို တိတ်ဆိတ်နေတဲ့ အခန်းကြီးထဲကိုမှ
လက်သည်းခြစ်သံကြီး ကြားရရင်တော့ သေချာတယ် လုံးဝကို မတွေးရဲစရာဘဲ။ တကယ်လို့
ပြေးရရင်တောင် အခန်းတွေက ထပ်နေတော့ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိတာနဲ့တဲ့ တကယ်ကို ရူးသွားမှာ။
[ သူငယ်ချင်းနဲ့အတူတူ ကစားမယ်ဆိုရင် Server Region တူနေဖို့ လိုတယ်နော် ]
Game Information
Android version
|
8 . 0 +
|
Developer
|
Reality77 |
Network
|
Online
|
Price
|
Free
|
App version
|
1.0 |
Release date
|
Nov 1, 2022
|
Platform
|
Android
|
⭐ ( HELLO Rating = 7.2 / 10 ) ⭐
Click To Download
>> Download ဆွဲနည်းကြည့်ရန် <<
#HELLOYDB
Gameplay Video
Comments